MYF 2014 for Youth Policy
၂ဝ၁၂ခုနှစ် ပထမဆုံးအကြိမ် မြန်မာလူငယ်တွေ့ဆုံဆွေးနွေးပွဲမှ စတင်၍လုပ်ဆောင်လာသော အမျိုးသားလူငယ်ကွန်ဂရက် (National Youth Congress) သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ၁၂ ရက်ထိ ကျင်းပခဲ့သော ပထမဆုံးအကြိမ် မြန်မာလူငယ်တွေ့ဆုံပွဲကြီး (Myanmar Youth Forum)တွင် အခြေပြုစတင်ခဲ့သော နိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက်ကြီးဖြစ်ပါသည်။ Myanmar Youth Forum ပွဲကြီးတွင် တက်ရောက်လာကြသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသော လူငယ်ရေးရာကိစ္စရပ်များကို အမျိုးသားလူငယ်ကွန်ဂရက်၏ လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်လှုပ်ရှားနေကြသည်။